၂၀၂၀ ပြည့်နှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ (World Refrigeration Day) အထိမ်းအမှတ်လှုပ်ရှားမှုများ

  • 26
    Jun

    ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ (World Refrigeration Day) အထိမ်းအမှတ်လှုပ်ရှားမှုများ

    ယနေ့ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အအေးပေး ပစ္စည်းများနေ့ (World Refrigeration Day- WRD) ဆောင်ပုဒ်မှာ "နေ့စဉ်ဘဝမြင့်မားဖို့ အအေးပေးပစ္စည်းများ ကို အကျိုးရှိစွာသုံးကြစို့" ("Cold Chain 4 Life") ဖြစ်ပါသည်။

    ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနမှ အသိပညာပေးအစီအစဉ်များကို ဆောင်ရွက်ရာတွင် အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အအေးပေးဒြပ်ပစ္စည်းများနှင့် ပတ်သက်သည့်အသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာနှင့် masks များကို ရေခဲသေတ္တာ၊ လေအေး ပေးစက်ဆိုင်များနှင့် ပြည်သူလူထု ထံဖြန့်ဝေခြင်း၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်း အမှတ်ဆိုင်ရာ Video Clip အားထုတ်လွှင့်ပြသခြင်း၊ ရေခဲသေတ္တာနှင့် လေအေးပေးစက်ဆိုင်ရာ စက်မှုနည်းပညာရှင်များ အသင်းများ၏ အကူအညီဖြင့် ရန်ကုန်၊ မန္တလေး၊ မုံရွာ မြို့များတွင်ပါ အသိပညာပေးလက်ကမ်း စာဆောင်များ၊ ပိုစတာနှင့် masks များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

    Share:


© Copyright 2021 - Web Designer - MWS

AltStyle によって変換されたページ (->オリジナル) /