ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာများကို အများပြည်သူသိရှိပြီး သဘောထား မှတ်ချက်ပေးနိုင်ပါရန်

  • Home
  • /
  • မူဝါဒနှင့်ဥပဒေများ
  • /
  • ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာများကို အများပြည်သူသိရှိပြီး သဘောထား မှတ်ချက်ပေးနိုင်ပါရန်
  • 13
    Jul

    ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာများကို အများပြည်သူသိရှိပြီး သဘောထား မှတ်ချက်ပေးနိုင်ပါရန်

    လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် POSCO International Corporation သည် ရခိုင်ကမ်းလွန်ရှိ Block A-1 တွင် လက်ရှိ လည်ပတ်ထုတ်လုပ်လျက်ရှိသည် ရွှေသဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်းတွင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဖြစ်သည် ဖွံ့ဖြိုးရေးလုပ်ငန်း အဆင့်(၃) စီမံကိန်း (Project Development Phase 3) အား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး Woodside Energy (Myanmar) Pte Ltd သည် ရခိုင်ကမ်းလွန်ရှိ Block AD-8 တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ စမ်းသပ်တူးဖော်ခြင်းလုပ်ငန်း (Exploration Drilling) အား အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

    အဆိုပါစီမံကိန်းများ၏ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာများအား ပတ်ဝန်းကျင် ထိန်းသိမ်းဦးစီးဌာနသို့ တင်ပြလာမှုအပေါ် အများပြည်သူသိရှိပြီး သဘောထားမှတ်ချက်များ ပေးနိုင်ရန် အတွက် အောက်ပါ links များတွင် အစီရင်ခံစာများကို download ရယူနိုင်ပြီး သဘောထား မှတ်ချက်များနှင့် အကြံပြုချက်များ ပေးရန်ရှိပါက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား၍ eia.ecd@ gmail.com သို့ အကြံပြုပေးပို့နိုင်ပါသည်-’’
    Download Links

    EIA Report for Exploration Drilling in Block AD-8
    EIA Report for Shwe Project Development Phase 3 in Block A-1

    Share:


© Copyright 2021 - Web Designer - MWS

AltStyle によって変換されたページ (->オリジナル) /