(၁) ပေးပို့လိုသည့်လိပ်စာတွင် လက်ခံမည့်သူမရှိခြင်း၊ ပြောင်းရွေ့ခြင်း၊ လိပ်စာမပြည့်စုံခြင်း၊ လိပ်စာမှားယွင်းခြင်းများကြောင့် ပေးပို့နိုင်ခြင်းမရှိပါက ချောစာ/ပစ္စည်း ပို့ငွေနှင့် အာမခံဝန်ဆောင်မှုငွေအားပြန်အမ်းမည်မဟုတ်ပါ။
(၂)စာရင်းသွင်းပြီးသော ချောစာ၊ ပစ္စည်းများအားငွေပြန်မအမ်းပါ။
(၃) အမည်မတူ၊ ရာထူးမတူသောစာများ၊ တင်ဒါနံပါတ်မတူသောစာများအား စာတစ်အိတ်ထဲအတွင်း ထည့်သွင်းခွင့်မပြုပါ။
(၄) ပေးပို့သည့်စာများ၊ ပစ္စည်းများ အတွက် စာရင်းသွင်းထားသောစာစောင်၊ ပစ္စည်း အရေအတွက်ပေါ်တွင် ဝန်ဆောင်ခနှုန်းကို SENDER PAY အနေနှင့်တောင်းခံပါမည်။ အကယ်၍ RECEIVER PAY ဖြစ်ပြီး RETURN ဖြစ်ခဲ့ပါက ပေးပို့သူမှ မူရင်းဝန်ဆောင်ခတစ်ကြောင်းစာပေးရမည်ဖြစ်သည်။
(၅) ကျိုးပဲ့ ကွဲရှ ပျက်စီးနိုင်သောပစ္စည်းများ၊ ပေးပို့ရန်တားမြစ်ထားသောပစ္စည်းများနှင့် လုံလောက်သော ထုပ်ပိုးမှု မရှိသော ပါဆယ်ပစ္စည်းများ ၏ ထိခိုက် ပျက်စီးမှုကို ROYAL EXPRESS မှ တာဝန်မယူပါ။
(၆) စွန်းထင်းနိုင်သော ပေကျံနိုင်သော အနံ့ပြင်းသော ပစ္စည်းများကို ပေးပို့ပါက ပစ္စည်းအပ်နှံစဉ်တွင် ကြိုတင်အသိပေးရပါမည်။
(၇) ပေးပို့သည့် ချောစာ ပစ္စည်းများနှင့် ပတ်သက်၍ ဖြစ်ပေါ်လာမည့် ကိစ္စအားလုံးကို ပေးပို့သူမှ အပြည့်အဝတာဝန်ရှိပြီး၊ အလုံးစုံတာဝန်ယူရပါမည်။
(၈) ချောစာ၊ ပစ္စည်းများအား ROYAL EXPRESS အနေဖြင့် လိုအပ်ပါက လုံခြုံရေးအရ ဖွင့်ဖောက်စစ်ဆေးခြင်းကို ခွင့်ပြုရပါမည်။
(၉) စာထုပ်၊ ချောစာထုပ်များ ပျက်စီး၊ ပျောက်ဆုံးမှုများအတွက် အများဆုံး လျော်ကြေးငွေ သတ်မှတ်ချက်မှာ ကျပ်ငွေ နှစ်သိန်းခွဲ(၂၅၀,၀၀ဝိ/-) (စာချုပ်ချုပ်ထားသော CUSTOMER များမှာစာချုပ်တွင်သတ်မှတ်ထားသော လျော်ကြေးအတိုင်းသာ ဖြစ်ပါသည်) ဖြစ်သည်။
(၁၀) စာထုပ်၊ ချောစာထုပ်များ၏ မူလတန်ဖိုးမှာ ငွေကျပ်နှစ်သိန်းခွဲထက် ( စာချုပ်ချုပ်ထားသော CUSTOMER များမှာ စာချုပ်တွင် သတ်မှတ်ထားသော လျော်ကြေးထက် ) လျော့နည်းနေပါက မူလတန်ဖိုးအတိုင်း ပေးလျော်ပါမည်။ လျော်ကြေးငွေ တောင်းခံသောအခါ မှတ်ပုံတင်ထားသော စာရင်းသွင်းထားသော ချောစာ/ပစ္စည်း များ၏ မူရင်း လက်ခံပြေစာအား တင်ပြနိုင်ရမည်။
(၁၁) စာထုပ်၊ ချောစာထုပ်များအတွက် လျော်ကြေးငွေအား မူရင်းလက်ခံပြေစာ နှင့်အတူ သတ်မှတ်ကာလ(၁)လအတွင်း လာရောက်တောင်းခံနိုင်ပါသည်။ သတ်မှတ်ကာလ (၁)လထက်ကျော်လွန်ပါက လျော်ကြေးငွေအား ပြန်မအမ်းပါ။
(၁၂) FORCE MAJEURE ( ကြိုတင်မှန်းဆ၍မရသည့် သဘာဝဘေးအန္တရာယ်များ၊ စစ်မက်အဓိကရုဏ်းဖြစ်ပွားခြင်းများ နှင့် ဒေသဆိုင်ရာအာဏာပိုင်များ၏ ကန့်သတ်ပိတ်ဆို့ချက်များ နှင့် အခြား ထိန်းချုပ်မရသည့် သက်ရောက်မှုများ ) ကြောင့်ဖြစ်ပေါ်လာသော နှောင့်နှေးကြန့် ကြာမှုများနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ အတွက် ROYAL EXPRESS မှတာဝန်ယူ ပေးမည်မဟုတ်ပါ။
Customers များ၏ ချောစာပါဆယ် များ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးနှင့် ပေးပို့နိုင်ရန်အတွက် Royal Express ၏ Packaging Guidelines ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်
No(77),Corner of Amara Road and Padonmar Road, North Okkalarpa Township, Yangon