ဆိုက်ရောက်ဗီဇာ (Visa On Arrival)
ခွင့်ပြုသည့်လေဆိပ်များ (Port Of Entry)
- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (Yangon International Airport)
- မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (Mandalay International Airport)
- နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် (Nay Pyi Taw International Airport)
ခွင့်ပြုသည့်ဗီဇာအမျိုးအစားများ (Eligible Visa Types)
ဗီဇာအမျိုးအစားများ
(Type of Visas) |
နေခွင့်
(Duration of Stay) |
ဗီဇာကြေး
(Visa Fees) |
လုပ်ငန်းဗီဇာ (Business Visa) |
70 Days |
50 USD |
အလုပ်ရုံ/ ဆွေးနွေးပွဲ/ အစည်းအဝေး/ သုတေသနဗီဇာ
(Workshop/ Seminar/ Meeting/ Research Visa) |
28 Days |
40 USD |
ဖြတ်သန်းဗီဇာ (Transit Visa) |
24 Hours |
20 USD |
ယာဉ်အမှုထမ်းဗီဇာ (Crew Visa) |
28 Days |
40 USD |
ကမ္ဘာလှည့်ဗီဇာ (Tourist Visa) |
30 Days |
50 USD |
ခွင့်ပြုနိုင်ငံများ (Eligible Countries)
Passport holder from the following countries and Taiwan are eligible to apply Visa On Arrival for Business Visa, Workshop/Seminar/Meeting/Research Visa, Transit Visa and Crew Visa:
Australia
Cyprus
India
Luxembourg
Romania
UK
Austria
Croatia
Indonesia
Malaysia
Russia
USA
Belgium
Denmark
Italy
Malta
Switzerland
Ukraine
Brazil
DPRK
Ireland
Norway
Singapore
Vietnam
Brunei
Estonia
Israel
New Zealand
South Africa
Bulgaria
France
Japan
Netherland
Spain
China
Finland
Korea
Nepal
Sweden
Canada
Germany
Laos
Poland
Slovakia
Cambodia
Greece
Latvia
Philippines
Slovenia
Czech
Hungary
Lithuania
Portugal
Thailand
Passport holder from the following countries are eligible to apply Visa On Arrival for Tourist Visa:
China
Italy
Australia
Germany
India
Spain
Switzerland
Russia
Passport holders from the following countries will eligible to apply Visa On Arrival for Tourist Visa starting on 01 January 2020:
Austria
Hungary
New Zealand
Czech
Luxembourg
ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီး သင်္ဘောများဖြင့် ရောက်ရှိလာမည့် ကမ္ဘာလှည့် ခရီးသည်များအတွက် ကြိုတင်ခွင့်ပြုချက် လျှောက်ထားရယူသည့် ဆိုက်ရောက်ဗီဇာ (Pre Arrangement Visa On Arrival)
- ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ရောက်ရှိလာမည့် ကမ္ဘာလှည့်ခရီးသည်တင်အပျော်စီး သင်္ဘောများ၏ ခရီးစဉ်ခွင့်ပြုချက် နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ခရီးသွားကုမ္ပဏီများသည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တစ်ဆင့် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက် ရယူရမည်။
- ၎င်းခရီးစဉ်ခွင့်ပြုချက်နှင့်အတူ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တဆင့် အပျော်စီးသင်္ဘောနှင့် အတူပါရှိမည့် ခရီးသည်များအနက် ဗီဇာမပါရှိသူများအား ဆိုက်ရောက်ဗီဇာ (Pre Arrangement Visa On Arrival) ခွင့်ပြုပေးနိုင်ရေးအတွက် အမည်စာရင်း၊ နိုင်ငံကူးလက်မှတ်အမှတ်တို့နှင့် တကွ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ ကြိုတင်လျှောက်ထားရမည်။
ခွင့်ပြုဗီဇာအမျိုးအစား |
နေခွင့် |
ဗီဇာကြေး |
ကမ္ဘာလှည့်ဗီဇာ (Tourist Visa) |
28 Days |
30 USD |
ဆိုက်ရောက်ဗီဇာ(Visa On Arrival) အတွက်လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ
Click Here For English Version
ဆိုက်ရောက်ဗီဇာ(Visa On Arrival) စနစ်တွင် လုပ်ငန်းဗီဇာ၊ အလုပ်ရုံ/ဆွေးနွေးပွဲ/အစည်းအဝေး/သုတေသနဗီဇာ၊ ဖြတ်သန်းဗီဇာနှင့် ယာဉ်အမှုထမ်းဗီဇာ လျှောက်ထားသူများ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ
- သက်ဆိုင်ရာနိုင်ငံမှ ထုတ်ပေးထားသည့်တရားဝင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ဖြစ်ရမည်၊ Passport သက်တမ်းသည်ရောက်ရှိသည့်နေ့၏ နောက်ပိုင်းအနည်းဆုံး (၆) လ သက်တမ်းကျန်ရှိရမည်။
- လွန်ခဲ့သည့် (၆) လအတွင်းက ရိုက်ကူးထားသည့် (၄စင်တီမီတာx ၆စင်တီမီတာ) ရှိ ရောင်စုံဓါတ်ပုံ (၂) ပုံ အသင့်ယူဆောင်လာရမည်။
- လုပ်ငန်းဗီဇာဖြင့် ကနဦးဝင်ရောက်မည့်သူများဖြစ်ပါက လျှောက်လွှာနှင့်အတူ တာဝန်ခံခေါ်ဆောင်သူကုမ္ပဏီ၏ ဖိတ်ခေါ်စာပါရှိရမည်။(ထပ်တိုးနေထိုင်ခွင့်မပြု)
- မြန်မာနိုင်ငံအတွင်း လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပါက လျှောက်လွှာနှင့်အတူ လုပ်ငန်းလုပ်ကိုင်နေသည့်ကုမ္ပဏီ မှတ်ပုံတင်/ လုပ်ငန်းလိုင်စင်၊သက်ဆိုင်ရာဝန်ကြီးဌာနများမှ ထုတ်ပေးသော လုပ်ငန်းလုပ်ကိုင်ခွင့်ပြုကြောင်း အထောက်အထားမိတ္တူပူးတွဲတင်ပြရမည်။
- မြန်မာနိုင်ငံအတွင်း လုပ်ငန်းဗီဇာဖြင့်လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပါက အလုပ်လုပ်ကိုင်သည့်စက်ရုံအမည်၊ တည်နေရာ၊ တာဝန်ခံခေါ်ဆောင်သူ၊ လုပ်ကိုင်သည့်ရာထူး စသည်တို့ကို ပြည့်စုံစွာ ဖေါ်ပြလျှောက်ထားရမည်။
- မြန်မာနိုင်ငံအတွင်း လုပ်ငန်းဗီဇာဖြင့်လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပါက နေခွင့်သက်တမ်းတိုးမြှင့်လျှောက်ထား လိုလျှင်သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက်ဖြင့်တည်ဆဲလုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားနိုင် ပါသည်။
- ပြည်ဝင်ဗီဇာဖြင့်အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ တွေ့ဆုံပွဲများ၊ အခမ်းအနားတက်ရောက်မည့်သူများ ဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဖိတ်ကြားစာ ပူးတွဲတင်ပြရမည်။
- လျှောက်လွှာတွင်ဖော်ပြထားသော လုပ်ငန်းမှအပအခြား မည်သည့်လုပ်ငန်းကိုမဆို အခဖြင့်ဖြစ်စေ၊ အခမဲ့ဖြစ်စေ လုပ်ကိုင်ခြင်းမပြုရ။
- ဖြတ်သန်းဗီဇာ လျှောက်ထားသူသည်ခရီးလမ်းဆုံးနိုင်ငံသို့ သွားရောက်မည့်လေယာဉ်လက်မှတ်ပူးတွဲ တင်ပြ ရမည်။
- မြန်မာနိုင်ငံအစိုးရအဖွဲ့မှ တရားဝင်အသိအမှတ်ပြု လိုင်စင်ထုတ်ပေးထားသည့်ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ ၊တရားဝင်ခွင့်ပြုထားသည့်စက်ရုံအလုပ်ရုံများ၊ နေအိမ်အဆောက်အဦများတွင်နေထိုင်ရမည်။ တည်းခိုမည့်လိပ်စာကို အတိအကျဖေါ်ပြရမည်။
- မြန်မာနိုင်ငံအစိုးရအဖွဲ့၏ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်အားလုံးကို တိကျစွာ လိုက်နာမည်ဖြစ်ကြောင်းဝန်ခံကတိပြုရမည်။
- မိဘ၏ နိုင်ငံကူးလက်မှတ်၌ ပူးတွဲပါရှိသော အသက်(၇) နှစ်အောက်ကလေးများကို အခမဲ့ပြည်ဝင်ခွင့်ပြုမည်။ သီးခြားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ အသက်(၇) နှစ်အောက်ကလေးများ ခေါ်ဆောင်လာပါက သား/သမီး ဖြစ်ကြောင်း အထောက်အထားတင်ပြနိုင်ရမည်။
- ကန့်သတ်နယ်မြေများသို့ ကြိုတင်ခွင့်ပြုချက်မပါရှိဘဲ သွားရောက်ခြင်းမပြုရ။
- မြန်မာနိုင်ငံအတွင်း ရောက်ရှိနေထိုင်စဉ်ညအိပ်ရပ်နားသည့်တည်းခိုရာဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်း၊ စက်ရုံအလုပ်ရုံ၊ နေအိမ်၊ ရုံးခန်းလိပ်စာများအား သက်ဆိုင်ရာမြို့နယ်အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီး ဌာနသို့ သတင်းပို့တင်ပြရမည်။
- ပြည်ဝင်ခွင့်မပြုကြောင်း ဆုံးဖြတ်ခံရပါက မူလလိုက်ပါလာသည့်လေကြောင်းလိုင်းအစီအစဉ်ဖြင့်ထွက်ခွာလာသည့်နိုင်ငံသို့ ပြန်လည်ထွက်ခွာရမည်။
- ပြည်ဝင်ခွင့်ပြုခြင်း ကိစ္စနှင့်စပ်လျဉ်း၍ ဆိုက်ရောက်ဗီဇာခွင့်ပြုမှု စိစစ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ရမည်။
ဆိုက်ရောက်ဗီဇာ(Visa On Arrival) စနစ်တွင် ကမ္ဘာလှည့်ဗီဇာ လျှောက်ထားသူများ လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များ
- သက်ဆိုင်ရာနိုင်ငံမှ ထုတ်ပေးထားသည့်တရားဝင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူဖြစ်ရမည်၊ Passport သက်တမ်းသည်ရောက်ရှိသည့်နေ့၏ နောက်ပိုင်းအနည်းဆုံး (၆) လ သက်တမ်းကျန်ရှိရမည်။
- လွန်ခဲ့သည့် (၆) လအတွင်းက ရိုက်ကူးထားသည့် (၄စင်တီမီတာx ၆စင်တီမီတာ) ရှိရောင်စုံဓါတ်ပုံ(၂) ပုံအသင့်ယူဆောင်လာရမည်။
- အလည်အပတ်ရည်ရွယ်ချက်ဖြင့် ဝင်ရောက်ခြင်းအတွက်သာ ခွင့်ပြုမည် ဖြစ်ပါသည်။
- နေခွင့်သက်တမ်းတိုးရန် လျှောက်ထားခြင်းကို ခွင့်ပြုမည် မဟုတ်ပါ။
- မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လေးစား လိုက်နာ ရမည်။
- မြန်မာနိုင်ငံအတွင်း လုံခြုံရေးအရကန့်သတ်ထားသောနယ်မြေမှအပ နိုင်ငံခြားသားများ သွားလာခွင့်ရှိသည့် နေရာ များကို လွတ်လပ်စွာ သွားလာနိုင်သည်။
- ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်ရန် ရောက်ရှိလာသူသည် သက်ဆိုင်ရာ လုံခြုံရေးဌာန၊ အဖွဲ့အစည်း နှင့် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနတို့မှ စိစစ်ပြီး ဝင်ခွင့်မပြုနိုင်သူဖြစ်လျှင် ဝင်ရောက်ခွင့်ကို ငြင်းပယ်ခြင်း ခံရမည်ဖြစ်သည်။
- အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်လာသူသည် မည်သည့် အပြည်ပြည်ဆိုင်ရာ ဝင်/ထွက် ပေါက်မှမဆို ပြန်လည် ထွက်ခွာနိုင် သည်။
ဆိုက်ရောက်ဗီဇာ(Visa On Arrival) လျှောက်လွှာပုံစံ
ဆိုက်ရောက်ဗီဇာ (Visa On Arrival) လျှောက်လွှာပုံစံကို လေကြောင်းလိုင်းများတွင်လည်းကောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ Website ဖြစ်သော www.mip.gov.mm မှ ဤနေရာတွင် လည်းကောင်း ထုတ်ယူ၍ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဆိုက်ရောက်ဗီဇာ ကောင်တာတွင် တင်ပြ လျှောက်ထားနိုင်သည်။